Tuesday, October 16, 2012

My feeling


To
                Dear  reader,
Many peoples  are waiting  to read the good posts. I will start to learn next semester on Dec 1. So I ’ll take many times to reach on my blog. So sorry Reader! When I finish my university’s student life, I promise  to write, to share, to give many knowledge. Today Oct 16, I live in Yangon.  I stay  here about 6 years.  I came from countryside. Now I am also staff under Construction Co.,Ltd. Not Engineer but I have a plan to be programmer. I will make website for this company when I am programmer. During this year, I made many exercises about Computer . If you are also learner computer science, I warmly welcome from my heart! Technology is art and creation to live many facts. Please Don’t forget me! I will return soon after I got my degree.
                                                                                                                                                Thanks,  
                                                                                                                                                                                Yours, KMT

Tuesday, August 21, 2012

ပြိုင်ဘက်တို့နှင့် မိမိသဘောထား


ပြှိုင်ဘက်ဟူသည်...

တစ်စုံတစ်ယောက်က သင့်အတွက် ကောင်းမွန်သောပြိုင်ဘက်ဖြစ်နိုင်၏။ ထို့အတူ တစ်စုံတစ်ဦးသည်လည်း ဆိုးသောပြိုင်ဘက်ဖြစ်နိုင်၏။
ကျွန်ုပ်နဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလတွင်း မိတ်ဆွေတို့သည် ပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူး၏။ ကျွန်ုပ်သည် သူများကို မပြိုင်တတ်။ သို့သော် ထိုသူတို့က ပြိုင်လာသောအခါ လူတို့၏ ဒေါသ၊ မာန၊ မခံချင်စိတ်တို့က ငယ်ရွယ်စဉ်ကျွန်ုပ်အား လွှမ်းမိုးသွား၏။ ကျွန်ုပ် ပင်ကိုယ်စိတ်တို့ ပျောက်ကာ  တခြားလူတွေနှင့် ပြိုင်လာတတ်၏။ ကောင်းသောတိုးတက်ခြင်းလား။ ဆိုးသော တိုးတက်ခြင်းလား။ 
ကျွန်ုပ်ပြိုင်ဘက်များစွာထဲက တစ်ယောက်သောသူသာလျှင် ကောင်းမွန်သောပြိုင်ဘက် ဖြစ်လာခဲ့၏။ ထို့ကြောင့် ဘဝအဆင့်ဆင့်တိုးတက်ခဲ့၏။ ထိုသူကြောင့်သာလျှင်။ အရာရာသုံးသပ်လေ့ရှိတဲ့ ကျွနိုပ် တစ်နေ့တော့ မည်သူ့ကိုမှ မပြိုင်ဖြစ်တော့။ မပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်ကို အငှားထားပြီး လောဘ၊ ဒေါသ၊ မောဟတွေ အသုံးပြုလာတာ ကြာသင့်သလောက် ကြာခဲ့ပြီလေ။
သို့ပေသော်ငြား လူတစ်ယောက်ဖြစ်နေသည်မဟုတ်လား။ မိမိကိုယ်တိုင်မိမိတော့ ပြိုင်ဦးမှ။ ထိုနေ့မှစ၍ မိမိ တစ်ပြည်လောက်သိတဲ့ အသိကို တစ်တင်းလောက်သိချင်၏။  တစ်အိတ်လောက် သိချင်လာ၏။ သူများဘဝ သူများကိစ္စ စိတ်မဝင်စားဖြစ်တော့။ 
အချိန်ကြာလာတာနဲ့ မိမိတကယ် တိုးတက်လာပါ၏။ လမ်းမှန်လာပါ၏။ အကုသိုလ်စိတ် နည်းလာပါ၏။ အရာရာအပေါ်တွင် သတိမပြတ် သုံးသပ်နိုင်စွမ်းရှိသော စွမ်းရည် မိမိလူမှန်းသိတတ်စကတည်းက ပိုင်ဆိုင်လာခဲ့၏။ ထို့ကြောင့် အသိတရားနဲ့ ပတ်သက်လာတိုင်း ထူးထူးခြားခြားဖြစ်မနေ။ မိမိက အချိန်တိုင်း သုံးသပ်နေလို့ပါ။ နေတတ်ရင် ကျေနပ်စရာ ဆိုပေမယ့် မနေတတ်လို့ မကျေနပ်စရာတွေ ဖြစ်လာတိုင်း မိမိသည်လည်း လွတ်ထွက်သွား၏။ လူတစ်ယောက်မဟုတ်ပါလား။ 
အဖေအမေ၊ တစ်လုပ်စားဖူး ကျေးဇူးရှင်တို့ အချိန်တိုင်း ကျေးဇူးတင်မိ၏။ ထို့အတူ မိမိဘဝကို ပြောင်းလဲပေးသော ပြိုင်ဘက်မိတ်ဆွေ(မိမိကို ပြှိုင်ဘက်လို့သဘောထားသော) တို့ကိုလည်း ကျေးဇူးတင်မိ၏။ လူဆိုတာ တူမှတုလို့ရတာဆိုတာ လူတိုင်းမသိနိုင်တာမှန်၏။ မတူပဲ တုကြ၏။ မိမိတော်တာ၊ တတ်တာကို ပြောတာမဟုတ်။ ဖားတုလို့ ခရုခုန် ဘဝပျက်သွားမှာဆိုးတာကြောင့်ပါ။ 
မိမိသည် မတူသူကိုမှ တုချင်၏။ တူညီလာအောင်လို့ပါ။ တူညီလာရှုင် လျစ်လျူရှုပြီး နောက်ထပ် မတူညီသောသူတွေကို လိုက်ရှာမိ၏။ တော်ရုံ အထင်မကြီးတတ်သော မိမိစိတ်ကြောင့် မိမိပင်ပန်းခဲ့ပေါင်း များပါပြီ။ လမ်းမှားတွေလည်း အများကြီး လျှောက်ခဲ့ဖူး၏။ တန်ဖိုးမဲ့ စကားတွေလည်း အများကြီး ပြောခဲ့ဖူး၏။ ဆိုးမိုက်ခဲ့ဖူး၏။ ဆိုးသော ပြိုင်ဘက်တို့ကြောင့်သာ။
ယနေ့ မိမိ သိသည် ဘာကိုသိသည်နည်း..။ ပြောပြလို့မတတ်။ မိမိသည် ခန့်မှန်းရခက်သည်မှာ မှန်၏။ အချိန်တိုင်း ပြောင်းလဲနေပြီး မတည်မြဲတဲ့ လောကအကြောင်း ကောင်းကောင်းနားလည်၍ ပြောင်းလဲမှုတိုင်းကို ကြိုဆိုမိ၏။ မိတ်ဆွေတို့ ပြိုင်ဘက်တွေမှာ မိမိကိုပြိုင်သောပြိုင်ဘက်၊ မိမိက ပြိုင်သောပြိုင်ဘက် တန်ဖိုးချင်းမတူချေ။ အများကြီးကွာခြား၏။ မိမိက ယှဉ်ပြိုင်လိုသူကိုသာ စိတ်ထဲမှာထား ပြိုင်နိုင်၏။ မိမိကိုယ်ပြှိုင်သောသူကို လျစ်လျူရှုလိုက်ပါ။ သင် တစ်နေ့ အများကြီး တိုးတက်ပါလိမ့်မည်။ 
ဒီနေရာမှာ ကိုယ့်ကိုယ်ကို တော်တယ်လို့ထင်နေတဲ့သူတွေ ရှိမှာပါ။ စိတ်ဓာတ်မကျပါနဲ့။ အဲဒီစိတ်ကို မမေ့ပါနဲ့။ သူများကိုတော့ မကြွားမိစေနဲ့။ ကိုယ့်ကိုယ်ကို ကြွားပါ။ လောကမှာ ငါသာအတော်ဆုံးလို့။ သင် တကယ်ထူးချွန်ထက်မြက်လာပါလိမ့်မယ်။ သင်ဦးဆောင်လာနိုင်ပါလိမ့်မယ်။ သူများနောက်လိုက်ဘဝဆိုတာ တကယ်ကို စက်ဆုပ်ဖွယ်ဖြစ်လို့ ကျွန်ုပ်နဲ့အတူတူ ကြိုးစားလိုက်ရအောင်။                   ။  (မမျိုး)

Monday, July 30, 2012

CROSSING THE BRIDGE

A Little girl and her father were crossing a bridge. The father was quite scared so he asked his little daughter, "Sweetheart, please hold my hand so that you don't fall into the river."
  The little girl said, "No, Dad. You hold my hand."
     "What's the difference?" asked the puzzled father.
"There's a big difference," replied the little girl.
"If I hold your hand and something happens to me, chances are that I may let your hand go. But if you hold my hand, I know for sure that no matter what happens, you will never let my hand go."

{ သမီးငယ်လေးနှင့်ဖခင်တို့ဟာ တံတားတစ်ခုကို ဖြတ်ကျော်နေပါတယ်.ဖခင်ဟာ အလွန်စိုးရိမ်သဖြင့် သမီးလေးအား " ချစ်သမီးလေး...သမီးလေးမြစ်ထဲကျ မသွားဖို့ ဖေဖေ့လက်ကို ကိုင်ထားကွယ်" ဟု ပြောလိုက်ပါတယ်.
      သမီးလေးက " ဟင့်အင်း ဖေဖေ. ဖေဖေကသာ သမီးရဲ့လက်ကို ကိုင်ထားရမှာ" လို့ ပြန်ပြောသောအခါ ဖခင်က "ဘာများ ခြားနားသွားတုန်း သမီးရဲ့" ဟု ပဟေဠိဆန်စွာ မေးလိုက်ရာ
"အများကြီး ခြားနားတာပေါ့ ဖေဖေရဲ့..တကယ်လို့ သမီးက ဖေဖေ့လက်ကို ကိုင်ထားလို့ သမီးတစ်ခုခုဖြစ်သွားရင် ဖေဖေ့လက်ကို လွှတ်ကောင်း လွှတ်မိလိမ့်မယ်တဲ့..ဖေဖေကသာ သမီးလက်ကို ကိုင်ထားမယ်ဆိုရင် မတော်တဆ တစ်ခုခုဖြစ်သွားရင်တောင် သမီးလက်ကို ဖေဖေဘယ်တော့မှ လွှတ်မှာမဟုတ်ဘူးဆိုတာ သမီးသိတယ် လို့ ပြန်ဖြေလိုက်ပါတယ်...ဒါကြောင့်..ဒီမှာ ဇာတ်လိုက် သမီးငယ်လေးရဲ့ စကားလေးတစ်ခွန်း ဘယ်လောက်ထိရောက်သွားတယ်ဆိုတာ သိစေချင်ပါတယ်..ကျမလည်း ဖတ်လိုက်တော့မှ ကောင်းလွန်းလို့ ပို့စ်တင်လိုက်တာပါ.
                                                                                                           မမျိုး


Monday, July 23, 2012

စစ်ကိုင်းလမ်းက ULB သို့

မနက်လင်းလာ သောကြာနေ့
ရောင်နီမပျိုးခင် ထပါလေ့။
ကျောင်းသွားရမယ် စောစောပြင်
ဟိုပြင်ဒီပြင် သတိမေ့ချင်။
မမေ့ပါနဲ့ မမျိုးရယ်
ကျောင်းနောက်ကျတော့မယ်။
ဘတ်စ်ကားက မလာသေး
စိတ်စောတယ်လေး။
အေးချမ်းလှတဲ့ မနက်မှာ
ဘတ်စ်ကားစီးရင်း ကျောင်းသွားတာ။
ပြည့်သူဥယျာဉ် ရောက်ပြီလေး
ရွှေတိဂုံကို ဖူးမြော်သေး။
လူတွေ လူတွေ စည်လှတယ်
မြေနီကုန်းမှာကွယ်။
ကားဆရာအရှိန်သတ်
လှည်းတန်းမီးပွိုင့် ခဏရပ်။
မနက်ဆို ကားမကြပ်
ထို့ကြောင့် လှည်းတန်း အလှမပျက်။
မာလာသို့ ရောက်ပြီကွယ်
အဆင်သင့်ပြင်ထားမယ်။
ဂျက်ဆင်ထိပ်က ပန်းပင်လေး
လက်ပြကာ နှုတ်ဆက်သေး။
ကျောင်းပေါက်ဝသို့ ရောက်ပြီကွယ်
ကျောင်းကဒ်တပ်ရမယ်။
အဓိပတိလမ်းနှင့် စိန်ပန်းများ
ပြုံးပြလို့ပါလား။
စစ်ကိုင်းလမ်းက ကန်တီးလေး
မနက်စောစော ခြောက်ကပ်သေး။
သုတ်သုတ်သုတ်သုတ် သွားကြမယ်
ULB သို့ကွယ်။
ULB သို့ရောက်သောအခါ
လေးထပ်ဆောင်ကြီး တက်ရမှာ
အပေါ်လည်းရောက်
အမောလည်းဖောက်
ကလောက် ကလောက် ကလောက်လောက် (ရေသောက်သံ)။
                                                                                 မမျိုး(အမှတ်စဉ်၁၅-PGDCA (ULB) ရန်ကုန်တက္ကသိုလ်)

(စိတ်ကူးနဲ့ လက်တန်းရေးထားတာမို့ အခြေခံရေးနည်းမကျရင် ခွင့်လွှတ်ပေးပါ)




Tuesday, June 12, 2012

The happiness We give to Others comes back to us

A physician was once summoned to attend to an unusual case. He found a pale, sad, seventeen-year-old, reclining on a sofa, in an ornate room adorned with rich, silk tapestries. Her eyes were half-closed, her head was bowed, and she was pale like a marble statue. Several doctors had been called to examine her and, unable to diagnose her condition, had concluded that her problem was psychosomatic.
At a glance the doctor realized what was wrong with her. she languished in her gilded cage, a self-absorbed prisoner, for she did not know what it was to go out to give happiness to those in need. The doctor asked her to get ready to go out with him.
"With you?" asked the girl. "Where?"
In an undertone, the doctor said to her, "That is a secret. I can only tell you that it is for your own good."
The girl got ready and the doctor took her to a quarter where poor people lived. They carried with them many gifts in cash and kind.
At the first house which they visited, the doctor had to help her to keep her balance, as she walked.
At the second, she went ahead of the doctor.
At the third,she almost ran. When the children kissed her hand and the poor women thanked her, she cried with joy.
The outing seemed too short to her. From then onwards, everybody she searched for those whom she could make happy.
She was restored to good health; she found the joy and happiness, which did not dwell in her palatial home but in the broken cottages of the poor to whom she gave the love of her generous heart. 
                               THE END                               
                                                     by J.P. Vanswani 


ကျွန်ုပ်တို့ပေးလိုက်တဲ့ ပျော်ရွှင်မှုဟာ  ကျွန်ုပ်တို့ဆီကိုပဲ ပြန်လာရိုး ထုံးစံပါ.                                               


Friday, May 25, 2012

Discover Zero to One

မှတ်မှတ်ရရ, မနေ့က အိမ်ရောက်တော့ ညီမလေးက အင်္ဂလိပ်စာ phonetic ပိုင်း သင်ပေးပါလို့ ပြောတယ်။ အဲဒီ့အချိန်မှာ ကျမက Chinese စာလုံးတွေ အရေးလေ့ကျင့်နေတာပါ။ သူက စာအုပ်သုံးလေးအုပ် ဆွဲထုတ်လာတယ်။ အဖုံးမရှိတော့တာတွေက မရှိတော့ဘူး။ လှန်ကြည့်မိလိုက်တော့ လွန်ခဲ့တဲ့ သုံးနှစ်က ကျမ ဆရာဦးမိုးမြင့်မောင်ဆီမှာ သင်ယူခဲ့တဲ့ phonetic စာအုပ်တွေဖြစ်နေတယ်။ တစ်ချက် စဉ်းစားမိသွားတယ်။ လက်ရှိသင်ယူနေတာကလည်းအသစ်၊ သင်ယူထားခဲ့ပေမယ့် အသစ်လိုပြန်ဖြစ်နေတဲ့ စာအုပ်ဟောင်းတွေထဲက ဗဟုသုတကလည်းအသစ်ပဲလို့  တွေးမိပါတယ်။ ရေးလက်စ တရုတ်စာကို လက်စသတ်ပြီး ကျမ စာအုပ်ဟောင်းပုံထဲ ၀င်တိုးတော့တာပါပဲ. မေ့နေခဲ့တာပါ..ကျမမေ့ထားခဲ့တဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် လှန်ကြည့်သွားတော့ အားလုံးက အသစ်ဖြစ်နေတယ်. တစ်ခါပဲဖတ်ပြီး ချထားခဲ့တဲ့ကျမ နောင်တဆိုတာကို အချိန်နဲ့အတူ နောက်မှာကျန်ခဲ့တဲ့ပညာတွေနဲ့ အသက်သွင်းလိုက်သလိုပါပဲ. Why do you work so hard? (ဘာကြောင့် ဒီလောက်ကြိုးစားနေတာလဲ) လို့ မေးခဲ့တဲ့ ကျမရဲ့မိတ်ဆွေသူငယ်ချင်းတွေကို ရှက်မိပါရဲ့။ ကျမကိုယ့်ကိုယ်ကို Zero လို့ အမှတ်ပေးမိပါတော့တယ်။ 2007 လောက်ကထင်ပါတယ်..အင်တာနက်ကွန့်မန့်လေးတစ်ခုကို မှတ်မိနေပါတယ်. '' အတိတ်ကို ပြန်လှည့်ကြည့်တိုင်း ကိုယ့်ကိုယ်ကို သုညတွေပဲ ပေးလိုက်ချင်ပါရဲ့" ဆိုပြီး
ရေးထားတာပါ။ သူငယ်ချင်းရဲ့မိတ်ဆွေတစ်ယောက်ဆီမှာပါ...ကျမတစ်ခါတည်းအာရုံထဲ ထည့်ခဲ့တာပါ..သို့ပေမယ့် ..နားမလည်ခဲ့ပါဘူး..အာရုံထဲမှာပဲဒီအတိုင်းလေး သိမ်းထားခဲ့မိတယ်။  ခုတော့ တကယ်လက်တွေ့ပင် ကျမ ကိုယ့်ကိုယ်ကို သုည ပေးမိပါတော့တယ်..လက်စနဲ့ ဒီတိုင်းတော့မဖြစ်သေးဘူး.. ၁ ဖြစ်အောင်တော့လုပ်မှပဲဆိုပြီး စာတွေလိုက်ဖတ်နေမိတယ်။ တစ်ခုသွားတွေ့တယ်ရှင့်။ ပညာရဲ့တန်ဖိုးဆိုတဲ့ ဆောင်းပါးလေးတစ်ခု။
ကျမအကျဉ်းချုပ်dataလောက်ပဲ မှတ်ထားလိုက်ပါတယ်။ ကိုယ်လေ့လာလိုက်စားတဲ့ဘာသာရပ်တစ်ခုခုဆိုပါတော့..၀ါသနာဆိုတဲ့နေရာကနေ             ဖြန့်ကြည့်သွားရင်
လေ့လာချင်စိတ်၊ သင်ယူလိုစိတ်၊ မှတ်သားကြားနာလိုစိတ်တွေနဲ့ ပြည့်နှက်လာပါတယ်.. ထမင်းမေ့၊ ဟင်းမေ့ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ကိုယ်လေ့လာ လိုက်စားတဲ့အလုပ်တစ်ခုအပေါ် ဝေဖန်သူတွေ၊ ကဲ့ရဲ့သူတွေက တစ်ပုံတစ်ပင်..လက်ရှိသင်ယူနေတဲ့ လူတွေကိုယ်တိုင်ကတောင် နောင်တစ်ချိန်
အသုံးဝင်ပါ့မလား၊ အသုံးချခွင့်မှရပါ့မလားလို့ ခိုညည်းတတ်ကြပါတယ်..တန်ဖိုးဆိုတဲ့အရာကို နားလည်သဘောပေါက်တဲ့လူနဲ့တော့ ကွာတာပေါ့ရှင်. ထိုသူတွေကသာ နောင်တစ်ချိန်အသုံးချဖို့အတွက် သိုမှီးဆည်းပူးထားရမယ်လို့ ယူဆထားကြတယ်..နှစ်နည်းနည်းကြာတော့ လုံးဝကွာခြားသွားစေပါတယ်..လိုချင်သူနဲ့ လိုအပ်သူကြား Value တွေပေါ့..ကျမ ဒီနေရာမှာ လိုချင်သူကို Definition ဖွင့်ပါမယ်..ကျမတို့တွေက အနည်းဆုံးတော့ ဘွဲ့ဒီဂရီတစ်ခုလောက်တော့
အနည်းဆုံးလိုချင်ကြသူတွေမဟုတ်လား?..တစ်ခုထက် နှစ်ခုရရင်လိုချင်တယ်..သုံးခု. .ရော..ရရင်ယူမှာပါပဲ..ယုတ်စွအဆုံး ကမ္ဘာပေါ်မှာ ဘယ်ဘွဲ့က အကောင်းဆုံးလဲ ရတာအကုန်လိုချင်သူတွေပါပဲ..အဲပြဿနာက စပြီ..အမှန်ကို မမှန်တာတွေက ဖုံးလွှမ်းသွားပြီ..တကယ်လိုအပ်တာဟုတ်ရဲ့လား? မိမိဘ၀လမ်းကြောင်းမှာ ဒါတွေလုပ်ဖို့
ရည်ရွယ်ထားသလား ။ ရည်မှန်းထားသလား။ ဖြစ်အောင်လုပ်မှာလား။ မေးခွန်းပေါင်းများစွာရှိနေပါတယ်.........ကျမ မိမိဘ၀မိမိအနာဂတ်ဆီလျှောက်လှမ်းရမယ့်လမ်း
အနည်းဆုံးတော့ ရှာဖွေပြီးပြီလို့ ပြောလို့ရပြီ။ လိုချင်တာတွေဘေးချိတ်ကာ လိုအပ်တာတစ်ခုချင်းစီကို ဖြစ်တည်နေတဲ့အချိန်အခါနဲ့ လိုက်လျောညီထွေစွာ
တည်ဆောက်သွားမယ်..လူတိုင်း ကိုယ့်ပန်းတိုင်ကိုယ်သိကြပါတယ်..ကိုယ့်လမ်းကိုယ်လျှောက်မယ်ဆိုတဲ့ လူသားတွေပါ..သို့ပေသော်ငြား အမှားလေးတွေ
တွေ့တွေ့လာတယ်..ဆရာတော်တစ်ပါး ဆုံးမဖူးတယ်..ဘဲငန်းနဲ့မြင်းအကြောင်းပါ..ရေမှာလည်းကူး၊ ကုန်းမှာလည်းသွား၊ ကောင်းကင်လည်းပျံနိုင်တဲ့
ဟိုစပ်စပ်ဒီစပ်စပ်ဘဲငန်းဖြစ်ချင်သလား၊ ကုန်းပေါ်မှာတော့ လိုက်မှီသူမရှိတဲ့အပြေးသန်တဲ့မြင်းပဲ ဖြစ်ချင်သလား? တဲ့ မှတ်သားစရာပါ။ မြင်းပဲဖြစ်ချင်ပါတယ်။
လိုအပ်တဲ့အရာတစ်ခုကို စွဲမြဲစွာလေ့ကျင့်ရင်း ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့ အပြေးသန်တဲ့မြင်းဖြစ်ချင်ပါတယ်။ ဒီနေရာမှာ " ပန်းပုဆရာအကြိုက်ထုလုပ်တဲ့ ပန်းပုနဲ့
ပတ်ဝန်းကျင်အကြိုက် ထုပေးရတဲ့ပန်းပု" တို့ရဲ့ အရည်အသွေးအကြောင်း ပုံပြင်လေးကို သွားသတိရလိုက်ပါသေးတယ်..ဘာပဲဖြစ်ဖြစ် တွေ့ကြုံခဲ့ရတဲ့ ဘ၀အခြေအနေအစုံစုံမှာ
မှားတာကို ပြုပြင်ရင်း ပြုပြင်ရင်း  ကျမ လမ်းမှန်ပေါ်ရောက်လာဖို့ တန်ဖိုးဖြတ်လို့မရတဲ့ ကျမရဲ့ပညာတွေက ထောက်ပံ့လို့နေပါတယ်...ဘ၀ခရီးလမ်းတစ်လျှောက်ဝယ် နောက်ဆုံးထွက်သက်အထိ ပညာကိုသာလေ့လာရင်း......ပညာကိုသာအားကိုးရင်း....ပညာကိုသာအဖော်ပြုရင်း.........................။      

Four things do not come back :
The spoken word,
The sped arrow,
Time past,
The neglected opportunity.
ဤလေးခုသောအရာပြန်မလာပါ.
နှုတ်မှထွက်ပြီးသောစကား
လေးမှလွှတ်ပြီးသောမျှားတံ
ကုန်လွန်သွားပြီဖြစ်တဲ့အချိန်
လျစ်လျူရှူခဲ့သောအခွင့်အရေး။  ။
                                                                                  မမျိုး(မြေလတ်သူ)








Sunday, May 20, 2012

သိထားသင့်တဲ့ Wireless's Life


21ရာစုလူသားများအနေနဲ့ ပြောင်းလဲလာတဲ့ လူနေမှုဘ၀ပုံစံများအတွက် လိုအပ်ချက်တွေ များပြားလာပါတယ်. ကျမ ကျောင်းသားတစ်ယောက်ဆိုပါစို့..ကျောင်းသားဟာ စာကလွဲပြီး ဘာမှမသိဆိုတဲ့ အရင်ကနေလာခဲ့တဲ့ မူရင်းပုံစံမဟုတ်တော့ပါဘူး. ကျောင်းသား စာပဲကျက် ကျန်တာ နင်တို့နဲ့မဆိုင် ဆိုတဲ့ခေတ်က ကျန်ခဲ့ပါပြီ..သတိထားမိကောင်းပါရဲ့........လက်ရှိကျမ အလုပ်အကိုင်တစ်ခုရှိတယ်....အလုပ်ချိန်က ၈နာရီရှိပါတယ်.. အချိန်တော်တော်များများပိုနေပါတယ်..စာဖတ်မယ်.အားကစားလုပ်မယ်..ပိုနေပါသေးတယ်..အဲတစ်ခုတော့ရှိပါတယ်..မေ့ထားလို့မရတဲ့ ပတ်ဝန်းကျင်ပါ..ဒီနေရာမှာ ကျမဆိုလိုချင်တာက IT ပတ်ဝန်းကျင်ကိုပါ. လူတောထဲဝင်တိုးဖို့ အဆင်သင့်ဖြစ်လာတဲ့အရွယ်ဆိုရင်
အိုင်တီနယ်ပယ်နဲ့ ထိစပ်ထားသင့်ပါတယ်..မှန်ပါတယ်..မိမိတို့ရဲ့ ပိုနေတဲ့အချိန်လေးတွေကို အိုင်တီနယ်ပယ်ထဲ အသုံးချဦးမယ်ဆိုရင် အိုင်တီပစ္စည်းလေးတွေ လိုအပ်လာပါတယ်။ Laptop or phone , etc..စသဖြင့် ရှိထားသင့်ပါပြီ.ဒါတင်မကသေး နည်းပညာကွန်ယက် ကိုယ့်အိမ်ပေါ်၊ ကိုယ့်အိပ်ယာပေါ်အထိ လွှမ်းနိုင်ဖို့ဆိုတာ ကျမအခုပြောချင်တဲ့ ၀ိုင်ယာလက်အကြောင်းပါပဲ. သူသာ ကျမတို့သွားလေရာမှာ ရှိနေခဲ့ရင် ကျမစောစောက ပြောခဲ့သလို 21ရာစုလူသားပီပီနေနိုင်ပြီပေါ့ရှင်. (Without Wire) ဆိုတဲ့ Wireless ကို ဂျီမာကိုနီ (G-Marconi) ဆိုတဲ့ အီတလီ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက စတင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်..မာကိုနီအကြောင်း ကျမသိသလောက်ပြောရရင် ကျောင်းစာ
ကိုစိတ်မ၀င်စားတာကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မအောင်ခဲ့ပါဘူး..ဒါပေမဲ့ သူက သိပ္ပံပညာကို ၀ါသနာပါသူတစ်ဦးမို့  အိပ်ခ်ျဟက်ဇ် (H-Hertyz) ရေးတဲ့ ရေဒီယိုလှိုင်းစာအုပ်တွေအကြောင်း ဖတ်မိရာက ၀ိုင်ယာလက်ခေါ် ကြိုးမဲ့ဆက်သွယ်ရေးကို တွေ့ရှိခဲ့ပါတယ်. ပထမဆုံး မာကိုနီဟာ အခန်းတွင်းနဲ့ အခန်းပြင် အချက်ပြသင်္ကေတတွေ စမ်းသပ်ကြည့်တယ်။ နောက်တော့ ပြင်ပဟင်းလင်းပြင်မှာ စမ်းသပ်တယ်.အဲဒီ့အခါ သူရဲ့ပစ္စည်းကိရိယာတစ်ခုကို မြေကြီးပေါ်ချထား မြေကြီးနဲ့ဆက်သွယ်မှုရှိနေရင် အင်တင်နာအမြင့်ကို ပိုမြှင့် အချက်ပြသင်္ကေတတွေကို ပိုပြီး ဝေးဝေး ပို့လွှတ်နိုင်ကြောင်း တွေ့ရှိသွားပါတယ်. ဒါကြောင့် မာကိုနီဟာ ကြိုးမဲ့ကြေးနန်းနဲ့ ရေဒီယိုကို တီထွင်နိုင်တဲ့အထိ တိုးတက်သွားပါတယ်.ဒါဟာ လက်ရှိကျမတို့ Lifestyle ပုံစံတွေမှာ အသုံးကျလာတဲ့ Wifi ရဲ့ဘ၀ဇာတ်ကြောင်းပါပဲ. . . ကော်ဖီဆိုင်ထိုင်မယ်..Wifi ရှိလား..သုံးလို့အဆင်ပြေလား? ဒါတွေကအစ ပြောင်းလဲလာတဲ့ ကျမတို့လက်ရှိဘ၀တွေမှာ နည်းပညာရဲ့အနှစ်သာရများကို ပေးနိုင်သမျှ အချိန်တွေကြား အကုန်ခံရင်း......ဘ၀နေထိုင်မှုပုံစံများ ပိုမိုတိုးတက်လာကြပါစေလို့..မျှော်လင့်ရင်းဖြင့် ...
                                                                              မမျိုး(မြေလတ်သူ)