မှတ်မှတ်ရရ, မနေ့က အိမ်ရောက်တော့ ညီမလေးက အင်္ဂလိပ်စာ phonetic ပိုင်း သင်ပေးပါလို့ ပြောတယ်။ အဲဒီ့အချိန်မှာ ကျမက Chinese စာလုံးတွေ အရေးလေ့ကျင့်နေတာပါ။ သူက စာအုပ်သုံးလေးအုပ် ဆွဲထုတ်လာတယ်။ အဖုံးမရှိတော့တာတွေက မရှိတော့ဘူး။ လှန်ကြည့်မိလိုက်တော့ လွန်ခဲ့တဲ့ သုံးနှစ်က ကျမ ဆရာဦးမိုးမြင့်မောင်ဆီမှာ သင်ယူခဲ့တဲ့ phonetic စာအုပ်တွေဖြစ်နေတယ်။ တစ်ချက် စဉ်းစားမိသွားတယ်။ လက်ရှိသင်ယူနေတာကလည်းအသစ်၊ သင်ယူထားခဲ့ပေမယ့် အသစ်လိုပြန်ဖြစ်နေတဲ့ စာအုပ်ဟောင်းတွေထဲက ဗဟုသုတကလည်းအသစ်ပဲလို့ တွေးမိပါတယ်။ ရေးလက်စ တရုတ်စာကို လက်စသတ်ပြီး ကျမ စာအုပ်ဟောင်းပုံထဲ ၀င်တိုးတော့တာပါပဲ. မေ့နေခဲ့တာပါ..ကျမမေ့ထားခဲ့တဲ့ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် လှန်ကြည့်သွားတော့ အားလုံးက အသစ်ဖြစ်နေတယ်. တစ်ခါပဲဖတ်ပြီး ချထားခဲ့တဲ့ကျမ နောင်တဆိုတာကို အချိန်နဲ့အတူ နောက်မှာကျန်ခဲ့တဲ့ပညာတွေနဲ့ အသက်သွင်းလိုက်သလိုပါပဲ. Why do you work so hard? (ဘာကြောင့် ဒီလောက်ကြိုးစားနေတာလဲ) လို့ မေးခဲ့တဲ့ ကျမရဲ့မိတ်ဆွေသူငယ်ချင်းတွေကို ရှက်မိပါရဲ့။ ကျမကိုယ့်ကိုယ်ကို Zero လို့ အမှတ်ပေးမိပါတော့တယ်။ 2007 လောက်ကထင်ပါတယ်..အင်တာနက်ကွန့်မန့်လေးတစ်ခုကို မှတ်မိနေပါတယ်. '' အတိတ်ကို ပြန်လှည့်ကြည့်တိုင်း ကိုယ့်ကိုယ်ကို သုညတွေပဲ ပေးလိုက်ချင်ပါရဲ့" ဆိုပြီး
ရေးထားတာပါ။ သူငယ်ချင်းရဲ့မိတ်ဆွေတစ်ယောက်ဆီမှာပါ...ကျမတစ်ခါတည်းအာရုံထဲ ထည့်ခဲ့တာပါ..သို့ပေမယ့် ..နားမလည်ခဲ့ပါဘူး..အာရုံထဲမှာပဲဒီအတိုင်းလေး သိမ်းထားခဲ့မိတယ်။ ခုတော့ တကယ်လက်တွေ့ပင် ကျမ ကိုယ့်ကိုယ်ကို သုည ပေးမိပါတော့တယ်..လက်စနဲ့ ဒီတိုင်းတော့မဖြစ်သေးဘူး.. ၁ ဖြစ်အောင်တော့လုပ်မှပဲဆိုပြီး စာတွေလိုက်ဖတ်နေမိတယ်။ တစ်ခုသွားတွေ့တယ်ရှင့်။ ပညာရဲ့တန်ဖိုးဆိုတဲ့ ဆောင်းပါးလေးတစ်ခု။
ကျမအကျဉ်းချုပ်dataလောက်ပဲ မှတ်ထားလိုက်ပါတယ်။ ကိုယ်လေ့လာလိုက်စားတဲ့ဘာသာရပ်တစ်ခုခုဆိုပါတော့..၀ါသနာဆိုတဲ့နေရာကနေ ဖြန့်ကြည့်သွားရင်
လေ့လာချင်စိတ်၊ သင်ယူလိုစိတ်၊ မှတ်သားကြားနာလိုစိတ်တွေနဲ့ ပြည့်နှက်လာပါတယ်.. ထမင်းမေ့၊ ဟင်းမေ့ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ကိုယ်လေ့လာ လိုက်စားတဲ့အလုပ်တစ်ခုအပေါ် ဝေဖန်သူတွေ၊ ကဲ့ရဲ့သူတွေက တစ်ပုံတစ်ပင်..လက်ရှိသင်ယူနေတဲ့ လူတွေကိုယ်တိုင်ကတောင် နောင်တစ်ချိန်
အသုံးဝင်ပါ့မလား၊ အသုံးချခွင့်မှရပါ့မလားလို့ ခိုညည်းတတ်ကြပါတယ်..တန်ဖိုးဆိုတဲ့အရာကို နားလည်သဘောပေါက်တဲ့လူနဲ့တော့ ကွာတာပေါ့ရှင်. ထိုသူတွေကသာ နောင်တစ်ချိန်အသုံးချဖို့အတွက် သိုမှီးဆည်းပူးထားရမယ်လို့ ယူဆထားကြတယ်..နှစ်နည်းနည်းကြာတော့ လုံးဝကွာခြားသွားစေပါတယ်..လိုချင်သူနဲ့ လိုအပ်သူကြား Value တွေပေါ့..ကျမ ဒီနေရာမှာ လိုချင်သူကို Definition ဖွင့်ပါမယ်..ကျမတို့တွေက အနည်းဆုံးတော့ ဘွဲ့ဒီဂရီတစ်ခုလောက်တော့
အနည်းဆုံးလိုချင်ကြသူတွေမဟုတ်လား?..တစ်ခုထက် နှစ်ခုရရင်လိုချင်တယ်..သုံးခု. .ရော..ရရင်ယူမှာပါပဲ..ယုတ်စွအဆုံး ကမ္ဘာပေါ်မှာ ဘယ်ဘွဲ့က အကောင်းဆုံးလဲ ရတာအကုန်လိုချင်သူတွေပါပဲ..အဲပြဿနာက စပြီ..အမှန်ကို မမှန်တာတွေက ဖုံးလွှမ်းသွားပြီ..တကယ်လိုအပ်တာဟုတ်ရဲ့လား? မိမိဘ၀လမ်းကြောင်းမှာ ဒါတွေလုပ်ဖို့
ရည်ရွယ်ထားသလား ။ ရည်မှန်းထားသလား။ ဖြစ်အောင်လုပ်မှာလား။ မေးခွန်းပေါင်းများစွာရှိနေပါတယ်.........ကျမ မိမိဘ၀မိမိအနာဂတ်ဆီလျှောက်လှမ်းရမယ့်လမ်း
အနည်းဆုံးတော့ ရှာဖွေပြီးပြီလို့ ပြောလို့ရပြီ။ လိုချင်တာတွေဘေးချိတ်ကာ လိုအပ်တာတစ်ခုချင်းစီကို ဖြစ်တည်နေတဲ့အချိန်အခါနဲ့ လိုက်လျောညီထွေစွာ
တည်ဆောက်သွားမယ်..လူတိုင်း ကိုယ့်ပန်းတိုင်ကိုယ်သိကြပါတယ်..ကိုယ့်လမ်းကိုယ်လျှောက်မယ်ဆိုတဲ့ လူသားတွေပါ..သို့ပေသော်ငြား အမှားလေးတွေ
တွေ့တွေ့လာတယ်..ဆရာတော်တစ်ပါး ဆုံးမဖူးတယ်..ဘဲငန်းနဲ့မြင်းအကြောင်းပါ..ရေမှာလည်းကူး၊ ကုန်းမှာလည်းသွား၊ ကောင်းကင်လည်းပျံနိုင်တဲ့
ဟိုစပ်စပ်ဒီစပ်စပ်ဘဲငန်းဖြစ်ချင်သလား၊ ကုန်းပေါ်မှာတော့ လိုက်မှီသူမရှိတဲ့အပြေးသန်တဲ့မြင်းပဲ ဖြစ်ချင်သလား? တဲ့ မှတ်သားစရာပါ။ မြင်းပဲဖြစ်ချင်ပါတယ်။
လိုအပ်တဲ့အရာတစ်ခုကို စွဲမြဲစွာလေ့ကျင့်ရင်း ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့ အပြေးသန်တဲ့မြင်းဖြစ်ချင်ပါတယ်။ ဒီနေရာမှာ " ပန်းပုဆရာအကြိုက်ထုလုပ်တဲ့ ပန်းပုနဲ့
ပတ်ဝန်းကျင်အကြိုက် ထုပေးရတဲ့ပန်းပု" တို့ရဲ့ အရည်အသွေးအကြောင်း ပုံပြင်လေးကို သွားသတိရလိုက်ပါသေးတယ်..ဘာပဲဖြစ်ဖြစ် တွေ့ကြုံခဲ့ရတဲ့ ဘ၀အခြေအနေအစုံစုံမှာ
မှားတာကို ပြုပြင်ရင်း ပြုပြင်ရင်း ကျမ လမ်းမှန်ပေါ်ရောက်လာဖို့ တန်ဖိုးဖြတ်လို့မရတဲ့ ကျမရဲ့ပညာတွေက ထောက်ပံ့လို့နေပါတယ်...ဘ၀ခရီးလမ်းတစ်လျှောက်ဝယ် နောက်ဆုံးထွက်သက်အထိ ပညာကိုသာလေ့လာရင်း......ပညာကိုသာအားကိုးရင်း....ပညာကိုသာအဖော်ပြုရင်း.........................။

Four things do not come back :
The spoken word,
The sped arrow,
Time past,
The neglected opportunity.
ဤလေးခုသောအရာပြန်မလာပါ.
နှုတ်မှထွက်ပြီးသောစကား
လေးမှလွှတ်ပြီးသောမျှားတံ
ကုန်လွန်သွားပြီဖြစ်တဲ့အချိန်
လျစ်လျူရှူခဲ့သောအခွင့်အရေး။ ။
မမျိုး(မြေလတ်သူ)
မှတ်သားဖွယ် အချက်လေးပါ။ သတိမမူ ... ဂူမမြင်ဆိုသလို ကျွန်တော်တို့ကို topic လေးတစ်ခုနဲ့ရေးဖွဲ့ပြသွားတာ ကောင်းပါတယ်။ ထပ်ပြီး ကျွန်တော်တို့ အမိုက်မဲလေးတွေကို ဆုံးမတဲ့စာ များများရေးပေးပါဦးနော်။
ReplyDeleteဆုံးမစာတဲ့လား မဟုတ်ရပါဘူးရှင်....ရှယ်ပေးတာပါ မိမိအတွေ့အကြုံလေးတွေကိုလေ
ReplyDeleteညီမလေးရေ...ဆောင်းပါးလေးကို ဖတ်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် ဘဲငန်းလိုများ ဖြစ်နေပြီလားလို့ တွေးမိသေးတယ်။ (ဟိုမရောက်၊ ဒီမရောက်နဲ့လေ)ဥပမာလေးတွေနဲ့ ရေးထားတော့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းသလို လိုရင်းကိုလည်း ထိထိမိမိ ဖော်ပြနိုင်တဲ့ စာကောင်းလေးတစ်ပုဒ်အတွက် ကျေးဇူးပါနော်။
ReplyDeleteWell, Blogger!
ReplyDeletemany people seem to like your post, and I like it too.
It is a good post you did with some quotations by different people and added your new point of view and ideas as well. Keep it up! :P
Thanks for writing to me. I am flattered by your encouraging words. I will keep on trying.
ReplyDelete