Wednesday, May 9, 2012

ပိုးစုန်းကြူးရဲ့ လျှို့ဝှက်ချက်

    

 ကျမတို့လူသားများအားလုံးနီးပါးလိုလို ပိုးစုန်းကြူးကနေ အလင်းရောင်လေးတွေ ထွက်နေတာကို တွေ့မြင်သိရှိကြဖူးမှာပါ...အဲဒီ့အလင်းရောင်လေးဟာ အပူဓာတ်မဟုတ်ဘဲ အေးတဲ့အလင်းရောင်ဓာတ်လေး ဖြစ်နေပါတယ်... Luminescence လို့ခေါ်တဲ့ အမှောင်ထဲမှာ တွေ့ရတဲ့ အလင်းမျိုးဖြစ်တယ်..ပိုးစုန်းကြူးလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ လူစီဖရင် Luciferin နဲ့ လူစီဖရေ့စ် Luciferace ဆိုတဲ့ ဓာတ်နှစ်မျိုး ပါပါတယ်..လူစီဖရေ့က လူစီဖရင်ကို လောင်ကျွမ်းစေတာကြောင့် အလင်းထွက်လာတာဖြစ်တယ်..ပိုးစုန်းကြူးရဲ့ အလင်းရောင်ထွက်ခြင်းက သိပ္ပံပညာရှင်များကိုတောင် လျှို့ဝှက်ဆန်းကြယ် ကိစ္စတစ်ခု ဖြစ်နေစေတယ်..အံ့သြစရာကောင်းလှတဲ့ ပိုးစုန်းကြူးရဲ့ အလင်းရောင်ဟာ သိပ္ပံပညာရှင်များအတွက်တောင် သဘာဝရဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပါပဲရှင်။                    ။ (မိတ်ဆွေတို့....ပိုးစုန်းကြူးလေးတွေ တွေ့ရင် ဖမ်းပြီး သေသေချာချာကြည့်လိုက်နော်..ပြီးတော့ Luciferin နဲ့ Luciferace ရဲ့ အကြောင်းကိုလည်း မမေ့နဲ့နော်)..........ရှာမှီးတွေ့ရှိသမျှ ဗဟုသုတ အပိုင်းအစလေးများအား   ဖလှယ်ရင်း..........................မြေလတ်သူ(မမျိုး)။

No comments:

Post a Comment