Sunday, May 20, 2012

Atom



ကျမတို့ နေ့စဉ် ရှင်သန်လှုပ်ရှားနေတဲ့ ဒီစကြ၀ဠာကြီးမှာ အကြောင်းအရာတော်တော်များများကို မသိလိုက် မသိဖာသာ နေလိုက်ကြတာ များပါတယ်. ကိုယ့်အတွက် အရေးကြီးကိစ္စမဟုတ်ရင် တော်ရုံ အာရုံထဲ ထည့်မထားတတ်ကြပါဘူး. မသိသင့်မသိထိုက်တာတွေကို အသာထား, သိသင့်သိထိုက်တာလောက်ကတော့ ကျမတို့တွေ သိထားသင့်ပါတယ်. ဒါဆို စကြ၀ဠာထဲမှာ ရှိနေတဲ့၊ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေထဲက ဖြစ်တည်လှုပ်ရှားနေတဲ့ အက်တမ် (Atom) တွေအကြောင်း တစေ့တစောင်း ကျမ တင်ပြလိုက်ချင်ပါတယ်.....
Atom ဟာ အရေးကြီးပါတယ်. အရေးပါပါတယ်. ကျမတို့အတွက် သိပ္ပံပညာဟာ အရေးပါ၊ အရေးကြီးသလို သိပ္ပံပညာအတွက် အက်တမ်တွေကလည်း အရေးပါလှပါတယ်..ဒါကြောင့် အက်တမ်တွေကို ဘယ်သူဘယ်ဝါကများ တီထွင်ခဲ့ပါလိမ့်၊ တွေ့ရှိခဲ့ပါလိမ့်လို့ စဉ်းစားမိကောင်းပါရဲ့...ဟုတ်ပါတယ်..အင်္ဂလိပ်လူမျိုး ဓာတုဗေဒပညာရှင်လည်းဖြစ်၊ သင်္ချာပညာရှင်လည်းဖြစ်တဲ့ ဂျွန်ဒါလ်တန်(John Dalton) က ၁၈၀၃ ခုနှစ်မှာ သိပ္ပံနည်းကျ အဏုမြူသီအိုရီ atomic theory ကို ဖော်ထုတ်ခဲ့ပါတယ်..ဒါလ်တန်က ဓာတ်ငွေ့တွေ၊ အစိုင်အခဲတွေ၊ အရည်တွေကို နမူနာယူပြီး သေသေချာချာ လေ့လာချိန်ဆကြည့်ခဲ့ပါတယ်..မယုံနိုင်လောက်ကို သေးငယ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ရှိခဲ့ပါတယ်...။ ဒါလ်တန်နောက် နှစ်(၁၀၀) ကြာပြီးသောအခါ အင်္ဂလိပ်လူမျိုးပဲဖြစ်တဲ့ အားနက်စ်ရူးသာဖို့ (Ernest Rutherford) က အက်တမ်(Atom)သီအိုရီတစ်ခု ထပ်မံတင်ပြခဲ့ပါတယ်..အဲဒါဟာ စကြ၀ဠာစနစ်ကိုပါ အဓိပ္ပာယ်ဖွင့်ဆိုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်..Atom(အက်တမ်)ရဲ့ ဗဟိုချက်မှာ အီလက်ထရွန်၊ ပရိုတွန်နှင့် နျူထရွန်တွေ သိပ်သည်းစွာ ပါဝင်တယ်လို့ အားနက်စ်က ရှင်းပြခဲ့ပါတယ်...ယခုအခါမှာတော့ အက်တမ်တစ်ခုမှာ အမျိုးကွဲအမှုန် (၂၀)ကျာ် ပါဝင်ကြောင်း တွေ့ရှိထားကြတယ်လို့ ဆိုပါတယ်..နည်းပညာရဲ့ တစ်ဆင့်တစ်ဆင့် တိုးတက်ပြောင်းလဲလာမှုများကို တဖြည်းဖြည်း ခံစားလာရင်းက ကျမတို့ဒီခေတ်လူသားများဟာ အတော်လေးကို အဆင်သင့်နေရတဲ့ဘ၀သို့ ရောက်ရှိလာခဲ့မှန်း နှစ်ပေါင်းများစွာက ကြိုးစားအားထုတ် အပင်ပန်းခံခဲ့တဲ့ ပညာရှင်များကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်...ဒါကြောင့် ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ သက်ရှိလူသားများဟာ စကြ၀ဠာကြီးကို ခါးစောင်းတင်ထားတဲ့ လူသားလူတော်များဖြစ်ကြောင်း တင်ပြရင်း....ဗဟုသုတရှာဖွေသူများလည်း ဒီထက်မက ပိုမိုတိုးတက်ကြပါစေ။                   ။
                                                                         Mamyo (မြေလတ်သူ)





1 comment: