Thursday, May 3, 2012

စိတ်ရှင်းစေလို


စာဖတ်ပရိသတ်အပေါင်း...............မင်္ဂလာခညောင်းပါစေသော်~~~~~

 ပထမဆုံးမိတ်ဆက်ပါရစေလားရှင်......ကျမနာမည် မခင်မျိုးသူဖြစ်ပါတယ်. ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ဒေသကဆိုတော့ အညာမဟုတ် အောက်မဟုတ်  မြေလတ်သူလို့ ပြောရမလားရှင်...ဒီနေရာကို ရောက်ရှိလာတဲ့ ညီအစ်ကို မောင်နှမများအား ကျမကိုယ်ကျမ မိတ်ဆက်ပြီးပါပြီ...တစ်ဆက်တည်းဆိုသလို ကျမရဲ့ဘလော့လေးကို တည်ဆောက်မှုပြီးခဲ့ချိန်မှာ ဒီဘလော့ရေးဖြစ်ပုံကို ရှင်းလင်းပြချင်ပါတယ်.
'' လေ့လာဖြန့်ကြက် သုတကွန်ရက် "တဲ့ ဒီနာမည်လေးက ကျမ ရုတ်တရက်ဆိုသလို စဉ်းစားရခဲ့တာလေးပါ..အဓိပ္ပာယ်အပြည့်ရှိပါတယ်....အမှန်အတိုင်းပြောရရင်တော့ ဗဟုသုတတွေ လေ့လာမှုအားနည်းနေသေးတာ လက်ရှိ ကျမကိုယ်တိုင်ပဲဆိုပါတော့ရှင်. စာပေမှာ သုတနဲ့ရသရယ်လို့ ရှိပါတယ်..ဘယ်ဟာကိုတော့ရသစာပေ၊ ဘယ်ဟာကိုဖြင့် သုတစာပေရယ်လို့ ကျမ ကွဲကွဲပြားပြား မသိခဲ့ပါဘူး..တဖြည်းဖြည်း ..စာဖတ်လာရင်းနဲ့ ကွဲပြားလာတဲ့ သုတနဲ့ရသကို ကျမခံစားမိခဲ့ပါတယ်..ဒီအချိန်မှာ ကျမပြောသလို ကျမလို သုတ၊ရသကွဲအောင် မသိတဲ့ မိတ်ဆွေတွေလည်း ရှိကောင်းရှိမှာပါ...ဒီသုတနဲ့ရသဆိုတဲ့စာပေတွေကို ကျမနားလည်သလောက် ရှင်းရရင် ကျမက သုတကိုအားသန်သူပါ။ ရသစာပေကိုတော့ ကျမလေ့လာနိုင်ဖို့ ကျမမှာ ခံစားချက်နဲ့ ခံစားပေးနိုင်ဖို့ နှလုံးသားလိုအပ်ပါတယ်..ကျမဟာ ခံစားချက်အရည်အချင်းမပြည့်ဝဘူးရယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်မိပါတယ်..ဒါကြောင့် ပြောရရင် သုတဘက်ကို ပိုနွယ်မိပါတယ်..သုတဖြစ်ဖြစ်..ရသဖြစ်ဖြစ် စာပေဟာ ချစ်မြတ်နိုးတန်ဖိုးထားစရာတစ်ခုဖြစ်တာ ...ကျမတို့အသိပဲမဟုတ်လားရှင်...ဘ၀တစ်ခုရှင်သန်ဖြစ်တည်နေချိန်မှာ စာပေဗဟုသုတကြွယ်သူတစ်ယောက်ဖြစ်ချင်နေခဲ့တာ ကျမရဲ့တစ်ခုတည်းသော ဆန္ဒပါ..လက်ရှိ ကျမဘ၀ဟာဖြင့် စာပေလောကသို့ မသိမသာတိုးလို့ ခြေလှမ်းစနေပါပြီ..ယခုလက်ရှိမှာ ရင်တွင်းပုန်းဖြစ်ချင်စိတ်လေးတစ်ခု အကောင်အထည်ဖော်နေတာပေါ့ရှင်...ဒါကြောင့်..ကျမဒီအရွယ်ထိ ရရှိတွေ့ကြုံခဲ့သမျှ သုတအဖြာဖြာကို တင်ပြချင်ဇောဖြင့် ....ဘလော့လေးတစ်ခုရေးဖြစ်သွားပါကြောင်း..တင်ပြရင်း...........................................    
                                                         ဆွံ့အနေသော ပါးစပ်များ ပွင့်ထွက်စေလိုသော ဆန္ဒဖြင့်...........မြေလတ်သူ(မမျိုး)                      

11 comments:

  1. မမျိုးရေ ကြိုးစားထားပါဦး....သုတအကြောင်းအရာတွေအများကြီးလည်း တင်ပေးပါဦး။ ကျွန်တော်တို့လည်း ဆွံ့အနေသူထဲက တစ်ဦးပါပဲ။
    ဆွံ့အနေသူဖြစ်လို့လည်း ဘ၀မှာ အရာမထင်သေးတာပေါ့ဗျာ

    ReplyDelete
  2. တင်လာမည့် Post တွေကို စောင့်မျှော်ဖတ်ရှု့အားပေးသွားမည် ဖြစ်ပါကြောင်း (မြေလတ်သူ)မမျိုးရေ။

    ReplyDelete
  3. ကျေးဇူးပါရှင်

    ReplyDelete
  4. It is extremely good ideas you cultivate. Keep it up!

    ReplyDelete
  5. ဘလော့ကို ဖြည်းဖြည်းချင်းတည်ဆောက်နေရသောကြောင့် ပို့စ်များမတင်ဖြစ်သေးပါ...ဆက်လက်ကြိုးစားနေပါမည်.....

    ReplyDelete
  6. ကောင်းပါတယ်ဗျာ အားပေးနေပါတယ်..ကြိုးစားပြီးအောင်မြင်မှုများရပါစေ...

    ReplyDelete
  7. ပေးတဲ့ဆုနဲ့ ပြည့်ပါစေရှင်

    ReplyDelete
  8. ရောက်ရှိကြောင်းပါ

    ReplyDelete
  9. ယနေ့ခေတ်လူငယ်တော်တော်များများ online ပေါ်မှာအချိန်ဖြုန်းနေတဲ့အ
    အချိန်ကိုအကြိုးရှိစွာ အသုံးပြုတတ်တဲ့ မမျိုးအောင်မြင်ပါစေ...

    ReplyDelete
  10. New posts တွေကိုမျှော်လင့်နေပါတယ် မမျိုး

    ReplyDelete
  11. ကြိုးစားကြည့်ဦးမယ်

    ReplyDelete